ရွေးကောက်ပွဲ 2021- ဘုတ်အဖွဲ့တွင် ပါဝင်ထမ်းဆောင်နိုင်မည့် သင့်၏အခွင့်အရေး။
ဝီဗာလမ်းစျေးဆိုင်၏ ဒါရိုက်တာဘုတ်အဖွဲ့ထံမှ
ရွေးကောက်ပွဲများသည် ကျွန်ုပ်တို့၏ သမဝါယမအား သမိုင်း၏နောက်ထပ်အခန်းကဏ္ဍသို့ ရောက်ရှိစေရန် ဦးဆောင်နိုင်မည့်သူကိုရွေးချယ်ရသည့် ပိုင်ရှင်များအတွက်အခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။
- သင်သည် ဝီဗာလမ်း စျေးဆိုင်ကို နှစ်သက်ပါသလား— လက်ရှိအနေအထား နှင့် ဖြစ်လာနိုင်သည့်အနေအထား။
- သင်သည် ဝီဗာလမ်းပိုင်ရှင်ဖြစ်သည်မှာ အနည်းဆုံးတစ်နှစ်ပြည့်ပြီလား။
- သင်သည် လိုလိုလားလား ပါဝင်ထမ်းဆောင်လိုပါသလား။
သင့်အား ယခုနှစ်၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်ရွေးကောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဖိတ်ခေါ်ပါသည်။
အရည်အချင်းပြည့်မီသောပိုင်ရှင်များအားလုံးသည်ယခုနှစ်၏ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်ကြိုဆိုအပ်ပါသည်။ ကျွန်ုပ်တို့သည်ထူးခြားသောအသံပိုင်ရှင်များ၊ အတွေ့အကြုံများနှင့်နောက်ခံများရှိသောကိုယ်စားလှယ်လောင်းများအားကြိုဆိုသည်။ ဘုတ်အဖွဲ့ဝင်များသည်ဘဝကဏ္ဍအသီးသီးမှအတွေ့အကြုံအမျိုးမျိုးနှင့်အတူတကွရောက်ရှိလာကြခြင်းဖြစ်ပါသည်။ ၎င်းတို့သည်အလုပ်သမားပိုင်ရှင်များနှင့်စားသုံးသူပိုင်ရှင်များဖြစ်ကြပါသည်။
ဘုတ်အဖွဲ့ဝင်များအနေဖြင့် အဓိကအရည်အသွေးအချို့အား ဝေမျှပိုင်ဆိုင်ထားကြပါသည် – သမဝါယမ၏ရေရှည်ကျန်းမာရေးအတွက်ထားရှိသောကတိကဝတ်များနှင့်အစေခံရန်ဆန္ဒရှိခြင်း။ ပါဝင်ထမ်းဆောင်ခြင်းတွင် ပိုင်ရှင်များအားနားထောင်ပေးခြင်း နှင့် ၎င်းတို့၏ မတူကွဲပြားသော လိုအပ်ရာများအား အလွန်ဆွဲဆောင်မှုရှိသည့် သမဝါယမတစ်ခုလုံး၏ မျှော်မှန်းချက်တို့ဖြင့် ပေါင်းစည်းပေးလိုက်ခြင်း ပါဝင်ပါသည်။
ကျွန်ုပ်တို့၏ သမဝါယမအတွက် ပါဝင်ထမ်းဆောင်ပေးလိုပြီး ဤအခွင့်အရေးအား ရှာဖွေရန်အတွက် သင်စိတ်ဝင်စားပါက၊ဗုဒ္ဓဟူးနေ့၊ ဇွန်လ 23 ရက်နေ့တွင် Zoom မှတစ်ဆင့်ကျင်းပမည့် အွန်လိုင်းကိုယ်စားလှယ်လောင်း Orientation အား ကျေးဇူးပြု၍ ပါဝင်ပါ။ ဤပြန်လှန်တုံ့ပြန်မှုရှိသော အပိုင်းတွင် ဖြစ်နိုင်ခြေရှိသော ယှဉ်ပြိုင်သူများအား အလုပ်အကြောင်း သိရှိလာစေရန် ဘုတ်အဖွဲ့နှင့် ထိတွေ့ချိတ်ဆက်ခွင့် ပေးသည်။ ဘုတ်အဖွဲ့ဝင်ရန်အတွက် မရည်ရွယ်ထားသည့်တိုင် တက်ရောက်ရန်သင့်အားကြိုဆိုပါသည်။ ဤအပိုင်းသည် ကျွမ်းကျင်မှုများ၊ အမြင်များနှင့် ခေါင်းဆောင်မှုတို့နှင့်ဆိုင်သည့် အခြားအခွင့်အရေးများဆိုင်ရာ အချက်အလက်တို့ကိုလည်း ပေးသည်။
ကိိုယ်စာ်းလှယ်စလာင််း orientation သိိုို့တက်စ ာက်မခင််းသည် ကိိုယ်စာ်းလှယ်မဖစ်ခ ငို့် ရှိစ ်းအတ က် လိိုအပ်ခ က်တစ်ခိုမဖစ်ပါသည်။ ကိိုယ်စာ်းလှယ်စလာင််းတစ်ဦ်းမဖစ်လာနိိုင် န် ထပ်ဆငို့်အခ က်အလက်ြ ာ်းအတ က် ကိိုယ်စာ်းလှယ်စလာင််း စလျှာက်လ ာစာအိတ်အာ်းဖတ်ပါ။